ကျောက်တော် ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၁ နာရီက စာရေးဆရာ လူထုစိန်ဝင်းရေးသားတဲ့ လူကြီးလူငယ် ကွာဟမှု စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းက ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ချက်တို့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ လာရောက်ကြသော စာပေချစ်မြတ်နိုးသူများက လူကြီးလူငယ် ကွာဟမှု စာအုပ်ပါ အကြောင်းအရာများထဲမှ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ ဆောင်းပါး၊ လူကြီးလူငယ်ကွာဟမှု ဆောင်းပါးပါ အကြောင်းအရာများ ဖတ်ရှုပြီး ဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဒုတိယဦးစီးမှုး ဒေါ်အေးမြသန်းက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)