ရသေ့တောင် ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ရသေ့တောင်မြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး အသိပညာပေး (Talk Show) ကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးက ဆင်ခြေထောက်ရောဂါသည် လက်တလောလူကိုသေစေနိုင်သော ရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသဏ္ဍာန်ပျက်ယွင်းခြင်းကြောင့် လူမှုဘဝကိုထိခိုက်နစ်နာဆုံးရှုံးရှိစေပါသည်။ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း (၈၅၆)သန်းသည် ဆင်ခြေထောက်ရောဂါကူးစပ်နေသော နိုင်ငံပေါင်း(၅၂)နိုင်ငံတွင် နေထိုင်လျက်ရှိပြီး လူဦးရေသန်းပေါင်း(၁၂၀)၌ ဆင်ခြေထောက်ရောဂါကူးစပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ ဖေဖော်ဝါရီလ ၁၃ နေ့မှ ၁၉ ရက်နေ့ထိ ဆင်ခြေထောက်ရောဂါဆေး တိုက်ကျွေးသွာမှာဖြစ်ပြီး ဆေးတိုက်ကျွေးရာတွင် အိမ်ခြေ ၅၀ လျှင် တစ်အုပ်စု သတ်မှတ်ထားရာ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ကျွေးမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသွားကြောင်း သိရှိရသည်။
ထွန်းလင်းကျော်