ပေါက်တောမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟာလာဆန်စက်များသို့ ကွင်းဆင်းစစ်ဆေး

ပေါက်တော ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဟာလာဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်စခန်းမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာ၊ အလယ်ကျွန်းကျေးရွာများရှိ ဟာလာဆန်စက်များသို့သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ လျှပ်စစ်ဝါယာကြိုးများသွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ၊ မီးပလပ်/ ခလုတ်များအား ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ ရေပုံးများ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်းနှင့် မီးဘေးလုံခြုံရေးနှင့် အရေးပေါ်လွတ်မြောက်နိုင်ရေးအတွက် အရေးပေါ်ထွက်ပေါက်များထားရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအားထားရှိစေရေးတို့ကို အကြံပြုလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)