ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကျင်းပ

ပေါက်တော ဇန်နဝါရီ ၃၀

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာ နနှင့် အခြေခံပညာဦးစီးဌာနတို့ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့ ညနေ၃ နာရီက အထက ပေါက်တောမြို့ရှိ  စုပေါင်းခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်စိန်နှင့် အထက ပေါက်တောမြို့ကျောင်းအုပ်ဆရာမကြီးဒေါ်စံလှဝင်း တို့ကအဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေးကာ Grade-11မှ ကျောင်းသူ မယုနန္ဒာကျော်က“လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး”၊ Grade-11 မှ ကျောင်းသူ မအိသိင်္ဂီကျော်က “လူငယ်နှင့်စာဖတ်ခြင်း” Grade-11မှ ကျောင်းသား မောင်ရဲထက်အောင်က  “လူငယ်နှင့်မူးယစ်ဆေးဝါး” Grade-11မှ ကျောင်းသား မောင်မျိုးသန့်နိုင်က “လူငယ်နဲ့ကြီးပွားရေး” အစရှိသည့်​ ခေါင်းစဉ်ပါအ​ကြောင်းအရာများကို​ ဆွေး​နွေးကြသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူလေးဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပေါက်တောမြို့ အထကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။

ထို့ပြင် ခန်းမအတွင်း ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိ ပညာပေးမူးယစ်ဆေးဝါးနံရံကပ်စာစောင်ကိုကြည့်ရှုကြ ကြောင်းသိရသည်။

ဝင်းမင်းစိုး (ပြန်/ ဆက်)