ပုဏ္ဏားကျွန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် Ami မီတာများ စစ်ဆေးလဲလှယ်တပ်ဆင်ခြင်း၊ 11 KV,0.4 KV ဓာတ်အားလှိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းခြင်း၊ 11/0.4 KV ထရန်စဖော်မာများကို ဝန်ဆောင်အားမျှခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှုမရှိစေရေးအတွက် အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူထံမှ သိရသည်။

နီထွန်းအောင်