အမ်း ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)စျေးရပ်ကွက်အမ္ဗနဒီစျေး လမ်းဆုံလမ်းမ၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်း တပ်နယ်မှရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကကွယ်ဆေးအကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန်စသည်တို့ကိုအသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask (၁၅၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း