အမ်း ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ အမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမတွင် လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ ညနေချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များအား စာဖတ်ရှိန် မြှင့်တင် ရေး စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများနှင့်ဟောပြောပွဲများ ကျင်းပပေးခြင်းရည်ရွယ် ချက်များအာပြောကြားပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာပြီး လူငယ်များ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး မှုခင်းများဖြစ်ပေါ် လာပုံများကို ဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် စာပေမြတ်နိုးသူ Book Club အသင်း ဝင် ကျောင်းသား ကျောင်းသူများက မူးယစ် ဆေးဝါး၏ သားကောင်ဖြစ်နေသည့် လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ်ပြန်လည်ခေါ် ဆောင်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာတိုက်ဖျက်နိုမ်နှင်းနိုင်ရန်နှင့် သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း