အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်လတ်ဦး မအီမြို့နယ်အတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်ပေးမှုအား ကြည့်ရှုအားပေး

မအီ ဖေဖော်ဝါရီ ၁

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၌ မအီမြို့နယ် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်တာဝန်ရှိသူများက နယ်လှည့် ဆေးကုသရေးအဖွဲ့မှ မအီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား မျက်စိရောဂါ၊ သွားရောဂါ၊ ကလေးရောဂါ၊ ခွဲစိပ်ရောဂါနှင့် အခြားအထွေထွေရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ECG နှင့် အမ်ထရာဆောင်းတို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သောလူနာများအား အမ်းမြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင်(၃၀၀)သို့ တက်ရောက်ကုသနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဖော်ပြပါ မအီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့တွင် ဒေသခံပြည်သူ ၄၂၁ ဦးနှင့် သံဃာတော် ၃၁ ပါး စုစုပေါင်း ၄၅၂ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့အနေဖြင့် မအီမြို့နှင့် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရောဂါရှာဖွေစမ်းသပ်ကုသမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မောင်မောင်ဌေး(ပြန်/ဆက်)