သံတွဲ ဇန်နဝါရီ ၃၁
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က သံတွဲမြို့ အ.ထ.က(ခွဲ) မြို့မကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ၊ ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းဆိုင်ရာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင် (၃၅၀)အုပ်ခန့်ကိုပြသခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူလေးများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။
ထိုသို့ ကြည့်ရှုလေ့လာနေစဉ် သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွါးလာစေရေးအတွက် ဝန်ဆောင်မှုပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ခရိုင် (ပြန်/ဆက်)