ရသေ့တောင် ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အ.ထ.က(၁) ကျောင်းဦးချောင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက အနာဂတ်ရဲ့မျိုးဆက်သစ်လူငယ်တွေ ဘက်ပေါင်းထူးချွန်ထက်မြတ်ဖို့ဆိုရင် သူတို့ရဲ့ အတွေအကြုံဗဟုသုတအများကြီးလိုအပ်ကြောင်း လူငယ်တွေပြောရဲဆိုရဲရှိပြီး နှုတ်မှုစွမ်းရည်တွေတိုးတက်စေဖို့ စာပေတွေကနေ ဗဟုသုတတွေရရှိပြီး အဲဒါကို သူငယ်ချင်းအချင်းချင်း အသိပညာတွေကိုမျှဝေပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်တက်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေရန် ပါဝင်ဝင်ဆွေးနွေးရဲတဲ့အတွေအကြုံနှင့် အသိဉာဏ်တွေရင့်သန်လာစေပို့ရည်ရွယ်ပြီး ကျင်းပရတဲ့ပွဲလည်းဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးပြီး၊ အ.ထ.က(၁) ဆရာကြီးဦးမောင်စံသိန်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းတွင် Grade–11 မှ ကျောင်းသူမနှင်းဝေလှိုင်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–10 မှ မခိုင်မျိုးအေးက လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–11 မှ မောင်ထက်လင်းက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–11 မှ မောင်ဦးဖြိုးအောင်က လူငယ်နှင့်ကြီးပွားရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။
ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသူ ဒေါ်တင်ဇာဦးနှင့် စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူ ကျောင်းသား/သူများက ပြန်လည်ဖြေကြားဆွေးနွေးကြသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးမျိုးမင်းမောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ကျောင်းဝင်းအတွင်း၌ပြသထားသည့် သဘာဝဘေးအန္တရာယ်အသိပညာပေး ဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တာရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထွန်းလင်းကျော်