စစ်တွေ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့်နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစား သောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ယနေ့နံနက်ပိုင်းကဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများလာရောက်ဝယ်ယူအားပေးကြကြောင်းသိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများက ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ ဘဲသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အမဲသား၊ အသားစည်သွတ်ဘူးများနှင့် စားသုံးဆီများအားဈေးနှုန်းသက်သာစွဖြင့် ရောင်းချပေးခဲ့သည်။ အလားတူရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းများမှလည်း ဟင်းသီးဟင်းရွက်များ၊ အသီး အနှံများနှင့် ကြက်ဥ၊ ဘဲဥများ ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဒေသခံပြည်သူများအားအခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် အပတ်စဉ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်း၌ ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)