အမ်း ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ကို ယနေ့နေ့လယ်အချိန်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူ လူငယ်များလေ့လာနိုင်ရန်ခင်းကျင်း ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး နံရံစာစောင်ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲပြခန်းများပြသ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လာမည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ် စာစောင်နှင့်ဓာတ်ပုံပြပွဲများကိုပြသဆောင်ရွက်ခဲ့ပါ ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအားကျင်းပခဲ့ရာ ဓာတ်ပုံပြပွဲတွင်လွတ်လပ်ရေး ဗိသုကာအမျိုးသားခေါင်းကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားမှုသမိုင်းဝင်ပုံရိပ်များ၊ လွတ်လပ်ရေးကြိုးပန်းမှုကာလ၌ လူထုစည်းရုံးရေးလှုပ်ရှားမှုများ ဟောပြောပွဲများနှင့် သမိုင်း ဝင်မှတ် တမ်းဓာတ်ပုံများနှင့် အတ္ထုပ္ပတ္တိများပြည်တောင်စုနေ့ဖြစ်ပေါ် လာပုံအမိုင်း အကျဥ်းများ၊ နံရံကပ်စာစောင်ပြပွဲတွင်မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲတတ်စေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်းအရာများနှင့် ကလေးအလုပ်သမားများပပျောက်ရေး အတွက် ဥပဒေအကြောင်း အရာများအား ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိခဲ့ရာ စာပေမြတ်နိုးသူကျောင်းသား/ကျောင်းသူများနှင့်စာငှားစာ ဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြရာ မြို့နယ် ဦးစီးအရာရှိက သိရှိလိုသည်များအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း