မြောက်ဦး ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကောင်းမြတ်နိုင်မှ အိမ်ထောင်စုလူဦးရေစာရင်းများကို ဌာနဆိုင်ရာများပူးပေါင်း၍ရာနှုန်းပြည့် ကောက်ခံပြီးစီးမှုအခြေအနေ၊ VMIS စာရင်းရာနှုန်းပြည့်ပြီးစီးနိုင်ရေးပူး ပေါင်းဆောင်ရွက်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း VMIS စာရင်းရေးသွင်းရေးသွင်းနေမှုအခြေအနေ၊ Booster ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေတို့ကိုပြောကြားခဲ့ပြီး နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့ပေါ်ရပ်ကွက်များရှိပြည်သူများအား ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူတို့ သိရှိနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည် တို့ကိုပြောကြားခဲ့သည်။ခရိုင်လူဝင် မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးမှလည်း အိမ်ထောင်စုစာရင်း တစ်ရာရာခိုင်နှုန်း ကောက်ခံ ပြီးစီးမှုအခြေတို့ကို ပြောကြားခဲ့ပြီးနောက် ခရိုင်အဆင့်ဌာ နဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၏လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်( ပြန်/ဆက် )