ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ် အ.လ.က(စကခ-၁၅)ကျောင်း၌ အားကစား အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အ.လ.က စကခ-၁၅၊ အခြေခံပညာ အလယ်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစား အသိပညာပေး ဟောပြောပွဲခြင်းနှင့် သရုပ်ပြလေ့ကျင်းပေးခြင်းကို ယမန်နေ့ညနေပိုင်းက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့ကြသည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက  သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ     

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက  မအီမြို့၊ အထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။

အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက် ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲများကို မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ရှုံးထွက်ပွဲစဉ်များအဖြစ် (၂)ကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်း အ.ထ.က(မြို့မ)ကျောင်း အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပုံမြို့ အ.ထ.က(သဲတန်း)၌ စားသုံးသူရေးရာဦးစီးဌာနမှ မူးယစ်ဆေးဝါးပါဝင်သည့် အစားအသောက်များ၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

 ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ အ.ထ.က(သဲတန်း)ရှိ အထက်တန်းအဆင့် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးပါဝင်သည့် အစားသောက်များ၏ ဆိုးကျိုးးများအကြောင်း ပညာ​ပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အထက(သဲတန်း)ကျောင်း အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

စစ်တွေမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ရွှေသီးရွှေပင်ရွှေပလ္လင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေသီးရွှေပင်ရွှေပလ္လင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့၌ လက်ထောက်မူလတန်းပြခန့်ထားနိုင်ရေး ဆရာ/ဆရာမများ လုပ်ငန်းခွင် အကြို ရက်တိုသင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုဆရာအတတ်ပညာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က အ.ထ.က (၁) မေယုရတနာ ခန်းမတွင် ကျင်းပခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော်ထပ်မံထည့်သွင်းသွင်းလှူပူဇော်နိုင်ရေး ဂွမြို့ဌာနဆိုင်ရာများကစုပေါင်း၍ အလှူငွေများလှူဒါန်း

ရခိုင်ပြည်နယ်၊ ဂွမြို့တွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော် ထပ်မံထည့်သွင်းသွင်းလှူ ပူဇော်နိုင်ရေးအတွက် ဂွမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများကစုပေါင်း၍ ပထမအကြိမ် အလှူငွေကျပ် သိန်း(၂၀)ကိုဖေဖော်ဝါရီလ(၆) ရက်နေ့ကလည်းကောင်း၊ ဒုတိယအကြိမ် ကျပ် ၁၁သိန်း၈သောင်းကို ဖေဖော်ဝါရီလ(၇)ရက်နေ့ကလည်းကောင်း၊စုစုပေါင်း ၃၁သိန်း ၈ သောင်းကျပ်အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကိုယ်စားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်ထံ  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်