ဘူးသီးတောင် ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အ.လ.က စကခ-၁၅၊ အခြေခံပညာ အလယ်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစား အသိပညာပေး ဟောပြောပွဲခြင်းနှင့် သရုပ်ပြလေ့ကျင်းပေးခြင်းကို ယမန်နေ့ညနေပိုင်းက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောကြားပြီး နိုင်ငံတော်အစိုးရမှ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင်ဖွင့် လှစ်သွားမည့် အားကစားသိပ္ပံ(စစ်တွေ)ကျောင်းသို့ တက်ရောက်ခွင့်ရရှိရေးအတွက် အားကစားသိပ္ပံနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များအား ရှင်းလင်းပြောကြားကာ ကျောင်းသား/သူများအား သရုပ်ပြ လေ့ကျင်းပေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အ.လ.က စကခ-၁၅၊ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး အားကစား အသိပညာပေး ဟောပြောခဲ့ကြကြောင်း မြို့နယ်အားကစားဦးစီးမှူး ဒေါ်ဥမ္မာသန်းထံမှ သိရသည်။
လှကျော်(ပြန်/ဆက်)