မြေပုံ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ အ.ထ.က(သဲတန်း)ရှိ အထက်တန်းအဆင့် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးပါဝင်သည့် အစားသောက်များ၏ ဆိုးကျိုးးများအကြောင်း ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အထက(သဲတန်း)ကျောင်း အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစံညွန့်က ကျောင်းသား/သူများအားစားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန် အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောသည်။
ထို့နောက် မူးယစ်ဆေးဝါးပါဝင်သည့် အစားအသောက်များ၏ ဆိုးကျိုးအန္တရာယ်တို့ကို သိရှိလိုက်နာဝယ်ယူစားသုံးတတ်ကြရန် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားပြီး စားသုံးသူ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဌာနသို့ တိုင်ကြားနိုင်သည့်နေရာများနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ website၊facebook၊ mobile application တို့ကိုသိရှိအောင် ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်ဝင်း