တောင်ကုတ် ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲများကို မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ရှုံးထွက်ပွဲစဉ်များအဖြစ် (၂)ကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ချောင်းကောက်ရပ်ကွက်အသင်းနှင့် နတ်မော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နတ်မော်အသင်းက (၄)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အလားတူ ညနေ(၃)နာရီအချိန်တွင် ကံပိုင်(ခ)အသင်းနှင့် သင်္ချီကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သင်္ချီကိုင်းအသင်းမှ နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲများ ကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)