ဘူးသီးတောင်မြို့၌ လက်ထောက်မူလတန်းပြခန့်ထားနိုင်ရေး ဆရာ/ဆရာမများ လုပ်ငန်းခွင် အကြို ရက်တိုသင်တန်းဆင်းပွဲကျင်းပ

ဘူးသီးတောင် ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုဆရာအတတ်ပညာသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က အ.ထ.က (၁) မေယုရတနာ ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်မြဝေက လုပ်ငန်းခွင်ဝင်ရောက်မည့် ဆရာ၊ဆရာမများအနေဖြင့် သင်ကြားခဲ့သည့်အပေါ် လက်တွေ့အသုံးချပြီးဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းများအပေါ်လိုက်နာဆောင်ရွက်ကြရန်၊ ဆရာကျင့်ဝတ်နှင့်ကိုယ်ကျင့်သိက္ခာများ၊ ၂၀၂၁ ရာစု ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်း၊ အသင်းအဖွဲ့များ မိဘရပ်ရွာများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန် အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းတွင် နိုင်ငံဝန်ထမ်းဥပဒေ၊နည်းဥဒေ၊ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်း၊သင်ကြားရေးဆိုင်ရာမှတ်တမ်းများ၊ ၂၀၂၁ရာစုကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်း၊ ခွင့်အမျိုးမျိုး၊ပင်စင်၊ ပညာရေးမှုဝါဒများ၊ ပညာရေးအညွှန်းကိန်းများ၊ သင်ရိုးသစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မှုလတန်းသင်ရိုးသစ် မိတ်ဆက်သင်ကြားခြင်း၊ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းများဆောင်ရွက်ခြင်း၊ မူလတန်းဆင့် ဆရာလမ်းညွှန်စာအုပ်များ၊ အသင်းအဖွဲ့များမိဘရပ်ရွာများနှင့် ပူးပေါင်ဆောင်ရွက်တတ်ရန် စသည့်ဘာသာရပ်များကို TEO၊DTEOများ၊ ထက်၊ လယ်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၉)ဦးတို့က သင်ကြားရေး လုပ်ငန်းခွင်ဝင်ရောက်မည့် လက်ထောက် (မူပြ) ဆရာ၊ဆရာမ(၃၅)ဦးအား ဖေဖော်ဝါရီလ ၂ရက်နေ့မှ၆ရက်နေ့အထိ(၅)ရက်ကြာသင်ကြားပို့ချခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)