အမ်း ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အသိပညာပေး (Talk Show) များကို မြို့နယ်အဆင့် ဌာနဆုင်ရာများနှင့် ပေါင်းစပ်ကျင်းပ၍ ပြည်သူများ သိရှိနိုင်ရန် နိုင်ငံပိုင်မီဒီယာသတင်းစာများတွင် အသိပညာပေးခြင်း၊ Online မှတစ်ဆင့် လွှင့်တင်ပေးခြင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်းယာဉ် ထိန်းရဲတပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် သန့်ဇင်ဦးက ယာဉ်စည်း ကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ပြီး လမ်းအသုံးပြုသူများ သိစေရန်အတွက် ၂၀၂၂ ခုနှစ် ပြဋ္ဌာန်းချက် လမ်းညွှန်အမှတ်အသားများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးဆွေးနွေးခြင်း၊ လမ်းညွှန်များဆိုတာ ယာဉ်မောင်းသူ လမ်းအသုံး ပြုသူများ သိသာမြင်သာအောင် လမ်း၏ တစ်ဘက်တချက်မှာ စိုက်ထူထားသော ဆိုင်ပုဒ်တွေကိုဆိုလိုကြောင်း၊ လမ်းညွှန်များကို စတုဂံ အဝါရောင်အပေါ်မှာအနက် ရောင်ဆေးအမှတ်အသား သင်္ကတနဲ့ဖြင့် ရေးဆွဲထားခြင်း၊ အဝိုင်းပေါ်တွင် အနက်ရောင်ဆေးရေး အမှတ်အသား သင်္ကတနဲ့ အနီရောင် ဖြတ်မျဉ်းများ ရေးဆွဲထားခြင်း၊ အပြာရောင်အဝိုင်းပေါ်တွင် အဖြူရောင်ဆေးရေး အမှတ် အသား သင်္ကတနဲ့ ရေးဆွဲထားခြင်း၊ အပြာရောင်လေးထောင့်ကွက်ပေါ်တွင် အနက်/ အဖြူရောင် ဆေးရေးအမှတ်အသား သင်္ကတနဲ့ ရေးဆွဲထားခြင်း ဖြစ်ပါတယ်။ လမ်းအမှတ်အသားဆိုသည်မှာ လမ်း၏ အလယ်မျဉ်း ရပ်မျဉ်းတွေကို အဖြူရောင်တွေနဲ့ ရေးဆွဲထားခြင်း အဝါရောင်မျဉ်းတွေက သတိပေးခြင်း သင်္ကတနဲ့ ရေးဆွဲထားခြင်း၊ လမ်းညွှန် အမှတ်အသားများနှင့် အချက်ပြခြင်းများကို အဝါရောင်အန္တရာယ် သတိပေးခြင်း၊ အစိမ်းရောင် ခွင့်ပြုညွှန်ပြခြင်း၊ အနီရောင် တားမြစ်ကန့်သတ်ခြင်း၊ အပြာရောင် မဖြစ်မနေ လိုက်နာရန် အမိန့်ပေးခြင်း အဓိပ္ပယ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာများနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်များကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာ ပေဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်အန္တရာယ်ကင်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ နိုင်ငံတော်၏ လူသားအရင်းအမြစ်တွေ မဆုံးရှုံးရမှာဖြစ်ပါတယ်၊ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းပြီး သွားလမ်းသာလို့ လာလမ်းများလဲ ဖြောင့်ဖြူးကြပါစေကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)