ဂွ ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော် ထပ်မံထည့်သွင်းသွင်းလှူ ပူဇော်နိုင်ရေးအတွက် ဂွမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများကစုပေါင်း၍ ပထမအကြိမ် အလှူငွေကျပ် သိန်း(၂၀)ကိုဖေဖော်ဝါရီလ(၆) ရက်နေ့ကလည်းကောင်း၊ ဒုတိယအကြိမ် ကျပ် ၁၁သိန်း၈သောင်းကို ဖေဖော်ဝါရီလ(၇)ရက်နေ့ကလည်းကောင်း၊စုစုပေါင်း ၃၁သိန်း ၈ သောင်းကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကိုယ်စားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်