ရခိုင်ပြည်နယ်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော်ထပ်မံထည့်သွင်းသွင်းလှူပူဇော်နိုင်ရေး ဂွမြို့ဌာနဆိုင်ရာများကစုပေါင်း၍ အလှူငွေများလှူဒါန်း

ရခိုင်ပြည်နယ်၊ ဂွမြို့တွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဋ္ဌာပနာတော် ထပ်မံထည့်သွင်းသွင်းလှူ ပူဇော်နိုင်ရေးအတွက် ဂွမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများကစုပေါင်း၍ ပထမအကြိမ် အလှူငွေကျပ် သိန်း(၂၀)ကိုဖေဖော်ဝါရီလ(၆) ရက်နေ့ကလည်းကောင်း၊ ဒုတိယအကြိမ် ကျပ် ၁၁သိန်း၈သောင်းကို ဖေဖော်ဝါရီလ(၇)ရက်နေ့ကလည်းကောင်း၊စုစုပေါင်း ၃၁သိန်း ၈ သောင်းကျပ်အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကိုယ်စားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်ထံ  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အ.ထ.က ပေါက်တောမြို့၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အထက ပေါက်တောမြို့ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူမြို့၌ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအား ယာဉ်လိုင်စင် ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြည်သူ့ဝန်ဆောင်မှု(oss)ရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သော အားဖြင့် နေ့လယ် ၁   နာရီအချိန်က ကဗျာရွက်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပုံမြို့နယ်၌ အသက်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေ းကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် (၂)လမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

မင်းပြားမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် အသိပညာပေးဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနက ဆင်ခြေထောက်ရောဂါကာကွယ်နှိမ်နင်းရေး လူအားလုံးသံချဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းပြားမြို့၌ ထိုင်းနိုင်ငံမှ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသူများအား ဌာနဆိုင်ရာများမှ ကြိုဆိုပို့ဆောင်

နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့်မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲ ကြုံတွေ့နေရသော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉)ဦး တို့အနက်မှ မင်းပြားမြို့သို့ (၃၄)ဦးအား ရွှေပြည်တန် အမြန် ရေယာဉ်ဖြင့် ယမန်နေ့ ညနေ ၅ နာရီ အချိန်က ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးမြို့ ကြက်ဈေးခွဆုံ၌ မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မြောက်ဦးမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဦးဥတ္တမလမ်း ၊ ကြက်ဈေးခွဆုံနေရာ၌ မီးပွင့်ပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကိုယနေ့ နံနက် ၆ နာရီ ၃၀မိနစ်အချိန်က ကြက်ဈေးရပ်ကွက် ကမ္ဘာ့ရတနာဘဏ်ရှေ့၌ မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးပြီးဖြစ်ပါ၍ မီးပွိုင့်ဖွင့်ပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

သံတွဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျေးရွာနှင့် ရပ်ကွက်ပေါင်းစုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား ၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃:၃၀ နာရီက  သံတွဲမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူ (၁၉၈၂၇) ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ကျောင်းသားများအား (Myancopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယမန်နေ့  နံနက်ပိုင်းက ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။  
Subscribe to ရခိုင်ပြည်နယ်