စစ်တွေမြို့၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ငါးပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၅)ပါးဖြစ်သည့် ကျောက်ဖြူမြို့ နဂါးကျောင်းစာင်တိုက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္ဒာဘိဝံသ၊ စစ်တွေမြို့ ၊ရွှေစေတီကျောင်းတိုက် ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက(ကိုယ်စား) ဘဒ္ဒန္တအရိယဝံသ၊ သံတွဲမြို့နယ် ၊မဟာဗောဓိစာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကလျာဏ၊ မင်းပြားမြို့၊ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက်၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ဘဒ္ဒန္တက္ကန္ဒာစရိယနှင့် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ ဇရပ်ပြင်စာသင်တိုက်၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တဇဝနတို့အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။