အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အမ်း ဧပြီ ၂၉

ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍတို့ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမ ဝါယမကဏ္ဍများအား လုပ်ငန်းကော်မတီများအလိုက် တိုးတက်မှုများအား လစဥ်တင် ပြနိုင်ရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ကျေးရွာလုပ်ငန်းကော်မတီများက လုပ်ငန်းကော် မတီအလိုက် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ထားမှုအား ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ကျေးရွာကော်မတီများအား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)