ဂွမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ

ဂွ    ဧပြီ   ၂

ရခိုင်ပြည်နယ်၊ သတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းတို့တွင် သတ်မှတ်ထားသည့် အခြေခံမူများနှင့်အညီ စိစစ်ရွေးချယ်သွားကြစေလိုကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာအဖြစ် ကျေးရွာ(၂၄)ရွာအား  အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ယခု ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာအဖြစ် ကျေးရွာ(၇)ရွာနှင့်အရန်ကျေးရွာ(၃)ရွာကို  ရွေးချယ်ဆောင်ရွက်သွားနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကျေးရွာ(၇)ရွာနှင့် အရန်(၃)ရွာတို့အား စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်