ကျောက်ဖြူမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade- 1  မှ Grade-11 အထိ စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ

ကျောက်ဖြူ  ဧပြီ ၂

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဖေဖော်ဝါရီလအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade-မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်()နာရီမှ စတင်၍  အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၄၆)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း()ကျောင်းနှင့် လေ့ကျင့်ရေးကျောင်း(၁)ကျောင်း စုစုပေါင်း (၂၅၂)ကျောင်း ရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအားလုံးတို့၏ စာမေးပွဲ  အောင်စာရင်းများ ထုတ်ပြန်ကြေငြာထားရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက မိမိတို့ အမည်များ ပါ၊ မပါ ၊ မိဘအုပ်ထိန်းသူ များက မိမိတို့ သား၊ သမီး အမည်ပါ၊ မပါ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)