ရမ်းဗြဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ရမ်းဗြဲ  ဧပြီ  ၂၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃ ၂၀၂၄) ဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအားရွေးချယ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက်ရောက်ခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးအောင်ထွန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများနှင့် (၂၀၁၇- ၂၀၁၈)မှ(၂၀၂-၂၀၂၃) ဘဏ္ဍရေးနှစ်ထိကျေးရွာ(၆၁)ရွာကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်းနှင့်(၂၀၂၃-၂၀၂၄) ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်မည့်ကျေးရွာများအား ရွေးချယ်ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးတင်ပြချက်အပေါ် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့မှဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှကျေးရွာ (၇)ရွာအား ရွေးချယ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။                                         

မြို့နယ်(ပြန်/ဆက်)