ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ဆေးထိုးအုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ကျိန္တလီ     ဧပြီ ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံတွင် ဆေးထိုးအုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော အသက်(၁၈)နှစ်အထက်ပြည်သူ(၂၉)ဦးနှင့် စတုတ္ထအကြိမ်မြောက် ထိုးနှံသူ(၈၇)ဦး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော နိုင်ငံ့ဝန်ထန်းများ စတုတ္ထအကြိမ်မြောက်(၆)ဦးနှင့် ကျန်းမာရေးဝန်ထမ်းပဉ္စမအကြိမ်မြောက် ထိုးနှံသူ(၁)ဦး စုစုပေါင်း (၁၂၃)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဇော်လင်း