စစ်တွေ ဧပြီ ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၅)ပါးဖြစ်သည့် ကျောက်ဖြူမြို့ နဂါးကျောင်းစာင်တိုက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္ဒာဘိဝံသ၊ စစ်တွေမြို့ ၊ရွှေစေတီကျောင်းတိုက် ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက(ကိုယ်စား) ဘဒ္ဒန္တအရိယဝံသ၊ သံတွဲမြို့နယ် ၊မဟာဗောဓိစာသင်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကလျာဏ၊ မင်းပြားမြို့၊ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက်၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ဘဒ္ဒန္တက္ကန္ဒာစရိယနှင့် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ ဇရပ်ပြင်စာသင်တိုက်၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တဇဝနတို့အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နမောတဿသုံး ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကြသည်။ ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထူးမခြားနား သီချင်းသုံးပိုဒ်ဖြင့်ပူဇော်ကြသည်။ ဆက်လက်ပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃမဟာနာယက တွဲဖက်အအကျိုးတော်ဆောင်၊ မင်းပြားမြို့၊ ပရိယတ္တိဓမ္မိကာရုံ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တက္က န္ဒာစရိယမဟာထေရ်မြတ် ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဩဝါဒါစရိယ၊ ကျောက်ဖြူမြို့၊ နဂါးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တက္က စက္ကိန္ဒာဘိဝံသ မဟာထေရ်မြတ်ထံမှ သမ္မောဒနီယဩဝါကထာ မိန့်ကြားချီးမြှင့်တော်မူပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ၊ပြည်နယ်ဝန်ကြီးများက တပ်ဆင့်ဂုဏ်ပြုလွှာများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သံတွဲမြို့ မဟာဗောဓိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တက္ကကလျာဏ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။ ထို့နောက် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆရာဝန်ကြီးများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ကျန်းမာရေးစောင့်ရှောက် ပေးကြသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများသည် နေ့လယ်ပိုင်းတွင် စစ်တွေမြို့တွင် ရေကြောင်းလူငယ်အခြေခံသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၃)သို့ သွားရောက်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အနာဂတ်ကာလမှာ နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမယ့် ရေကြောင်း လူငယ်မောင်မယ်များအတွက် အရေးပါတဲ့ သင်တန်းတစ်ခုဖြစ်တဲ့အတွက် တက်တက်ကြွကြွနှင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် လူငယ်မောင်မယ်များဖြစ်လာအောင် ကြိုစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပြီး ထောက်ပံငွေများ ပေးအပ်တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ သည်ခန်းမအတွင်း ပြသထားသော သင်ထောက်ကူပစ္စည်းကိရိယာများကို လည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြကြောင်း သိရသည်။ ထို့နောက် သင်တန်းသား သင်တန်းသူများ၏ အိပ်ဆောင်နှင့် စားသောက် ဆောင်များအားသွားရောက်ကြည့်ရှုပြီး ရင်းရင်းနှီးနှီး တွေ့ဆုံကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)