ရခိုင်ပြည်နယ်

သေလာဂီရိမောရပဗ္ဗ‌ ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သေလာဂီရိမောရပဗ္ဗ‌ ကျောက်တော်တောင်ဘုရား  ဗုဒ္ဓပူဇေနိယပွဲတော်  ပိုက်ကျော်ခြင်းပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ‌‌ ကြိုတင်ကာကွယ်ရေးအတွက် ‌Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်(၇)နာရီက မြို့မဈေးရှေ့တွင် ဌာနဆိုင်ရာများစုပေါင်း၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ၊ပညာသင်နှစ် အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့ မြို့မကျောင်းကြီး ကျောင်းထိုင်ဆရာတော်အဖြစ် ကုန်းတန်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒအား ရွေးချယ်

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ကျောင်းထိုင် ဆရာတော်အဖြစ် ရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ မြို့မကျောင်းကြီး၌ ကျင်းပခဲ့သည်။

စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့အလုပ်သမားနေ့ အသိပညာပေး Talk Show ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Clubအဖွဲ့၀င် တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀း၃၀)ချိန်က ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်စာရင်းများ ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများကို  ထုတ်ပြန်လျက်ရှိရာ ယနေ့ နံနက် (၆)နာရီမှစ၍ အောင်စာရင်းများအား ထုတ်ပြန်ကပ်ထားပေးလျက်ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) အပိုဆောင်းဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) အပိုဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster)ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်ထပ်ဆောင်း ကာကွယ်ဆေး(Booster)ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှစ၍ ညနေ (၃)နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို   ယနေ့ နံနက် ၉ နာရီ အချိန်က ထမ္မရာဇ် ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေး

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံခြင်းကို ယမန်နေ့နံနက်(၉)နာရီမှစ၍ တောင်ကုတ်မြို့နယ်ခန်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်