ရသေ့တောင်မြို့ပေါ်‌ နေပြည်သူများအတွက် ရေသယ်ယာဉ်များဖြင့် အလှည့်ကျ ရေဖြန့်ဝေပေး

ရသေ့တောင် ဧပြီ ၂၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် နွေရာသီရေခမ်း‌ခြောက်မှု ပြဿနာများကြောင်း မြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေနေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ ကြီးမှူး၍ မြို့နယ်စည်ပင်သာယာ‌ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်နေပြည်သူများ သောက်ရေ၊ သုံးရေရှိရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ရေစုကန်များတွင် ရေဖြန့်ဝေပေးလျက်ရှိရာ ယ‌‌နေ့နံနက်၈နာရီတွင်‌ တောင်ရင်းရပ်ကွက်‌ ရေစုကန်အမှတ်(၁၅)တွင် စည်ပင်မှTipper‌ ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၇၅၀)ဖြန့်ဝေပေးခဲ့ပြီး ညနေပိုင်းတွင် အရှေ့မြောက်ရပ်ကွက်ရေစုကန်(၄)တွင်လည်း စည်ပင်မှTipper‌ ရေသယ်ယာဉ် ဖြင့်ရေဂါလံ(၇၅၀)ဂါလန် ဖြန့်ဝေပေးခဲ့ကြသည်။

ရသေ့တောင်မြို့နယ်တွင် မိုးရာသီတွင် မိုးရာသီ မိုးရေချိန်ပြည့်မီအောင် မရရှိခဲ့သဖြင့် ယခုလို ရေမလုံမလောက်မှုဖြစ်ပေါ်ရခြင်းဖြစ်ပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေများ တိုးပွားလာမှုကြောင်း ရေမလုံလောက်ခြင်း ဖြစ်ပေါ်ရခြင်းဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)