ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ နိုင်ငံတော်အဆင့် ဘက်စုံထူးချွန်လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ နိုင်ငံတော်အဆင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်မောင်မယ်(၅)ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က ဘူးသီးတောင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကြိုဆိုခဲ့ကြသည်။

တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာ၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ နှင့်ဌာနဆိုင်ရာများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ မုန်တိုင်းဘေးအသိပညာပေး (Talk Show) ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မုန်တိုင်းဘေးအသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ လူရည်ချွန်မောင်မယ်များအားကြိုဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ငွေဆောင်၊တောင်ကြီးနှင့် အင်းလေးမှ ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မင်းသားကျွန်းရပ်ကွက် အ.ထ.က(၁) ကျောင်းသို့ ပြန်လည်ရောက်ရှိရာ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်သို့ သွား‌ရောက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၎င်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို  ယမန်နေ့ နံနက်(၈)နာရီက ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်တွေမြို့၌ မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှဝန်ထမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးကြီးနှင့် သင်္ဘောဆိပ်၊ စက်လှေဆိပ်များတွင် မုန်တိုင်းဘေးအန္တရာယ်အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့ မေဃရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်မှ အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးငွေများထုတ်ပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့ မေဃရှေ့ဆောင်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လအတွက် အသင်းသားတစ်ဦးချင်းစီသို့ စုဆောင်းငွေအပေါ် အတိုးငွေများထုတ်ပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ စတင်ထုတ်ပေးလျက်ရှိသည်။

ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်