တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တောင်ကုတ် မေ ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာ၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ နှင့်ဌာနဆိုင်ရာများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး ခိုင်ထူးမောင် နှင့်ဌာနဆိုင်ရာများက ကုလားရောင်ကျေးရွာ အ-မ-က (အောင်မင်းချောင်) ရှိ (Cyclone Shelter)တွင် ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ဘင်္ဂလားပင်လယ်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေများနှင့် မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ထားရမည့်အနေအထားများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လိုအပ်သောဆေးဝါး၊ စားနပ်ရိက္ခာများ၊ အရေးကြီးစာရွက် စာတမ်းများ‌လုံခြုံစွာ သိမ်းဆည်းထားရှိရန်နှင့် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ခိုလုံမည့်အဆောက်အဦသို့ တစ်ပါတည်းယူဆောင်ကြရန် အသိပညာပေးဆွေးနွေးပြီးနောက် ကျေးလက်နေပြည်သူများက နယ်မြေခံ တပ်မတော်သားများနှင့်အတူ (Cyclone Shelter) တွင် အရေးပေါ်ခိုလှုံမှု သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)