မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး မေ  ၆

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နယ်မမြေခံတပ်မမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသဖြင့် မုန်းတိုင်းငယ်အဆင့်ရောက်ရှိလာမည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးမကျ ရောက်မှီကြိုတင်လုပ်ဆောင်ရန်၊ သဘာဝဘေးကြုံတွေ့ရတတ်အချိန်လုပ် ဆောင်ရမည့်အချက်များ၊ သဘာဝဘေးကျရောက်ပြီး လုပ်ဆောင်ရမည့်အချက်များ၊ ကျန်းမာရေးဆပ်ကော်မတီဝင်များက စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်ရေးထည့်သွင်းရန်၊ သဘာဝဘေးမကျရောက်မှီ ထိရှလွယ်အုပ်စုများဖြစ်သော ကလေး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုများကို ကြိုတင်၍ လုံခြုံမှုရှိသောနေရာနှင့် စားနပ်ရိက္ခာများကိုလည်း ကြိုတင်စီစဉ် လုပ်ဆောင်ကြရန်၊ မီးသတ်တပ်ဖွဲ့ဝင်များမှလည်း မုန်းတိုင်းဘေးအန္တရာယ်အတွက် ကြိုတင်လေ့ကျင့်ထားရှိရန်နှင့် စက်ယန္တရားများ  ကြိုတင်၍ ပျက်စီးမှုရှိမရှိ စမ်းသပ်အသုံးပြုထားရန် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှလည်း ထိုမုန်တိုင်းငယ်သည် ၁၂ရက် နေ့အတွင်း ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာနိုင်၍ သဘာဝဘေးအန္တရာယ်မကျရောက်မှီ ကြိုတင်လုပ်ဆောင်နိုင်ကြရန်အတွက် ညွှန်ကြားထားရှိပြီး သက်ဆိုင်ရာအလိုက် ကော်မတီ(၁၂) ရပ် ဖွဲ့စည်းရခြင်းဖြစ်သည်။ဆေးရုံ၊ဆေးခန်းများကို လုံခြုံသောနေရာ၌ ၂၄ နာရီအပြည့် အသင့်ထားရှိရန်၊ မတော်တဆ ဆက်သွယ်ရေးပြတ်တောက်သွားပါက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးတို့မှ လူဖြင့် သတင်းပို့စနစ်လုပ်ဆောင်ကြရန်၊ မြို့နယ်အဆင့် စားနပ်ရိက္ခာနှင့် စက်ဆုံးဆီဆိုင်များတွင် လုံခြုံမှုရှိသော နေရာများတွင်ထားရှိရန် အကြောင်းအရာများကို ပြေကြားခဲ့သည်။

အိုပါအခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ဖွဲ့စည်းထားသော ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ရှင်းလင်းပြောကြားရာ နယ်မြေခံ တပ်မမှူးမှ သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

 မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ ဆက်)