မြောက်ဦးမြို့၌ လူရည်ချွန်မောင်မယ်များအားကြိုဆို

မြောက်ဦး မေ ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ငွေဆောင်၊တောင်ကြီးနှင့် အင်းလေးမှ ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မင်းသားကျွန်းရပ်ကွက် အ.ထ.က(၁) ကျောင်းသို့ ပြန်လည်ရောက်ရှိရာ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကြိုဆိုပွဲတွင် မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများက အ.ထ.က(၁) ကျောင်းရှေ့တွင် Grade-11 မှ လူရည်ချွန်နှစ်ထပ်ကွင်း မနန္ဒာအေး၊ Grade-11 မှ မောင်ခန့်ဝေဦး၊ Grade-11 မှ မောင်ခန့်ထည် တို့အား စံပယ်ပန်းကုံးများ၊သပြေပန်းများဖြင့် လှိုက်လဲစွာကြိုဆိုကြသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးမှူး မှ ဂုဏ်ပြုအမှာ စကား ပြောကြားပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီမြှင့်ကြသည်။ ယင်းနောက်  Grade-11 မောင်ခန့်ဝေဦး မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

မြောက်ဦးမြို့ အ.ထ.က (၁) ကျောင်းမှ Grade-11 မှ လူရည်ချွန်နှစ်ထပ်ကွင်း မနန္ဒာအေး၊ Grade-11 မှ မောင်ခန့်ဝေဦး၊ Grade-11 မှ မောင်ခန့်ထည်တို့သည် နိုင်ငံတော်အစီအစဉ်ဖြင့် ငွေဆောင်၊ တောင်ကြီးနှင့်အင်းလေးတို့ကို ဒေသန္တရဗဟုသုတများရရှိစေရန် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ ဆက်)