ဘူးသီးတောင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ နိုင်ငံတော်အဆင့် ဘက်စုံထူးချွန်လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြု

ဘူးသီးတောင် မတ် ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ နိုင်ငံတော်အဆင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်မောင်မယ်(၅)ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က ဘူးသီးတောင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကြိုဆိုခဲ့ကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုရာတွင် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူများ၊ မိဘဆွေမျိုးများက လှိုက်လှဲစွာဖြင့်ဂု ဏ်ပြုပန်းည်းများ၊ ပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြသည်။

ဘက်စုံထူးချွန်သည့် လူရည်ချွန် ကျောင်းသား/ ကျောင်းသူများမှာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ မအေးအေးသွယ် (ဧကာဒသမတန်း)၊ အထက(ခွဲ)အ.လ.က(၂)ကျောင်းမှ မောင်ခန့်အောင်ဟိန်း(ဧကာဒသမတန်း)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ မယုမြတ်မိုး(ဒသမတန်း) မောင်ဇော်သူခန့်(အဌမတန်း)၊ မအေးငြိမ်းခိုင်(အဌမတန်း)တို့ဖြစ်ကြောင်း သိရသည်။

လှကျော်( ပြန်/ ဆက်)