ဘူးသီးတောင်မြို့၌ မုန်တိုင်းဘေးအသိပညာပေး (Talk Show) ဆောင်ရွက်

ဘူးသီးတောင် မေ ၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မုန်တိုင်းဘေးအသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်များနှင့် ရှောင်ရှားသင့်သည့် အခြေအနေများအား အသိပညာပေးဆွေးနွေးပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းကမုန်တိုင်းများ၏ အန္တရာယ်နားလည်သဘောပေါက်လွယ်စေရန်အရောင်ဖြင့် သတိပေးစနစ်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်နေစဥ်လိုက်နာရန်အချက်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ်တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Buthidaung နှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page များမှ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ ဆက်)