ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတက်ရောက်
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။