ကျောက်ဖြူမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုလျော့ပါးစေရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျောက်ဖြူ မေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုးကြိုကာလတွင်ဖြစ်ပွားတတ်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီကူညီမှုများ တုန့်ပြန်ဆောင်ရွက်နိုင်ရန် အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများလျော့ပါးစေရန်၊ ရှာဖွေကယ်ဆယ်နိုင်ရန်နှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ‌ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနပိုင် ဂိုဒေါင်ခြံဝန်းတွင် ပြုလုပ်သည်။

ဦးစွာ ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က  မိုးဦးကာလ မေလ()ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း (Law Pressure Area) တစ်ခုဖြစ်ပေါ်နိုင်ပြီး မေ()ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအရ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်သည့်အတွက် မေလ(၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသဖြင့် ဌာနဆိုင်ရာများအနေဖြင့် မုန်တိုင်းမဝင်ရောက်မီ မိမိတို့သက်ဆိုင်ရာရုံးများရှိ ရွှေ့ပြောင်းထားရှိရမည့် အရေးကြီးစာရွက်စာတမ်းများအား လုံခြုံစိတ်ချမည့်နေရာသို့ ပြောင်းရွှေ့ထားရမည်ဖြစ်ပြီး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီများအနေဖြင့် ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ၊ ပင်လယ်တွင်းသွားလာနေသည့် စက်လှေ၊ သင်္ဘောနှင့်ရေလုပ်သားများသိရှိစေရန် မီဒီယာနည်းလမ်းများဖြင့်ဆောင်ရွက်ရေး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ပျက်စီးဆုံးရှုံးမှုသတင်းမှန်ရရှိရေး၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီရောက်ရှိစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး Command Postအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် ကော်မတီများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ပြီးဖြစ်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပေးရန် ပြောကြားသည်။ ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်းက မုန်တိုင်းဘေး အန္တရာယ်ကြောင့် ဆိုးကျိုးများဖြစ်သည့် သစ်ပင်၊ အဆောက်အဦများပြိုလဲခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် လေတွင်လွင့်ပါလာသောပစ္စည်းများကြောင့် သေကြေပျက်စီးနိုင်ကြောင်း၊ ထူးကဲဒီရေ/ ဒီလှိုင်းများတက်လာခြင်းကြောင့် ဆားငန်ရေဝင်၍ ရေတွင်း၊ ရေကန်များနှင့် စိုက်ပျိုးမြေများ ပျက်စီးပြီး မသန့်ရှင်းသောရေကြောင့် ရောဂါပိုးများပြန့်ပွားကာ ဝမ်းရောဂါဖြစ်ပွားနိုင်သဖြင့် ယာယီခိုလှုံရာစခန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်သွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ တာဝန်ရှိသူများက မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။  

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးရှိ ဂိုဒေါင်များသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများထားရှိမှုအခြေအနေနှင့် ဂိုဒေါင်ကြံ့ခိုင်မှုအခြေအနေအား သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)