ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်

မောင်တော  မေ  ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ယခုလက်ရှိဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့် မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မှီ အသိပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ လေထိုးဘုတ်များနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ဆောင်ရွက်ထားရှိကြောင်း  သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)