ရသေ့တောင်မြို့ဆိပ်ကမ်းများ၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ရသေ့တောင် မေ ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နေ့လည်(၁၂)နာရီအချိန်က ဆိပ်ကမ်းများ၌ ဖြန့်ဝေခဲ့ကြသည်။

ထို့သို့အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာန (နေပြည်တော်)မှ ထုတ်ပြန်ထားသည့် အချက်အလက်များ သိရှိစေရေးအတွက် ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် (၈.၅.၂၀၂၃)ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ (၉.၅.၂၀၂၃) ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး (၁၀.၅.၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)  အဖြစ်သို့အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါကြောင်းအခြေအနေများနှင့် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အချက်အလက်များအား သိရှိနိုင်ရန်သတင်းများ၊ ရေဒီယိုများကြည့်ရှုနားဆင်ကြရန်နှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရွက်ထားကြရန် ပြောကြားပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်(၁၀၀)ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနများလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဝန်ထမ်းများမြို့နယ်ဌာနဆိုင်ရာများ ပူး‌ပေါင်းပြီး ဖြန့်ဝေ‌ပေးခဲ့ကြကြောင်း သိရသည်။

ရသေ့တောင်(ပြန်/ဆက်)