မာန်အောင်မြို့နယ်သိမ္ဘလကျေးရွာ ဆိုင်ကလုန်းချာတာ၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သိမ္ဘလကျေးရွာအုပ်စု၊သိမ္ဘလကျေးရွာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ၄နာရီတွင် သိမ္ဘလကျေးရွာအုပ်စု၊ သိမ္ဘလကျေးရွာ ဆိုင်ကလုန်းချာတာ၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုဆောင်ရွက်ခဲ့ကြသည်။