ရခိုင်ပြည်နယ် မောင်တောမြို့တွင်နေထိုင်ကြသူများ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်  

မောင်တော  မေ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်နေထိုင်ကြသူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ပြည်သူ့ဆေးရုံအား တာ၀န်ရှိသူများက ယမန် နေ့ နံနက်ပိုင်းက စစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ မုန်တိုင်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းတိုက်ခတ်ရန် အချိန်နီးကပ်လာပြီ မောင်တောဒေသအခြေအနေမှာ အနီအဆင့်သို့ ရောက်ရှိနေကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားပြီးအများပြည်သူများက ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွေ့လာကြရာ ပြောင်းရွှေ့လာသည့်ပြည်သူများအား နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်တာ၀န်ရှိသူများက သွား ရောက်တွေ့ဆုံအားပေးစကား‌ပြောကြားပြီး မုန်တိုင်း အန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးပြောကြားကာ  လတ်‌တလော စားသောက်နိုင်ရေး အတွက် စားရိက္ခာများ ထောက်ပံ့ပေးခဲ့ကြသည်။

ထို့သို့ ဘေးလွတ်ရာသို့ ကုန်းမြင့်ရွေ့ပြောင်းလာသူများမှာ ၄ မိုင် အထက်တန်းကျောင်းတွင်  ရွှေတောင်နှင့်အင်းဒင်ကျေးရွာများမှလူဦးရေ ၂၀၀ ခန့်၊ ဆင် နစ်ကောင်ဘုန်း‌ေတာ်ကြီးကျောင်း မြို့ပေါ်မှ ပြောင်းရွေ့လာသူများနှင့် အောင်ဗလကျေးရွာနေပြည်သူများ စုစုပေါင်း လူဦးရေ ၂၀၀ ဦးခန့်နှင့် မြို့ဦးကျေးရွာနေ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ပြည်သူ ‌၁၉၀ ဦးခန့် ဘေးလွတ်ရာသို့ရွေ့ပြောင်းလာခဲ့ပြီး ကြောင်းသိရသည်။

ယင်းနောက် မြို့ပေါ်ရပ်ကွက်များ နှင့်ကျေးရွာများရှိ အများပြည်သူများ ဘေးလွတ်ရာ နေရာများသို့ အမြန်ဆုံးပြောင်းရွေ့နိုင်ရေး သက်ဆိုင် ရာ တာ၀န်ရှိသူများက လိုက်လံ အသိပေးပြီး ဘေးလွတ်ရာနေရာများသို့ အမြန်ဆုံး ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ထို့အပြင် ပြည်သူ့ဆေးရုံးကြီးတွင် ‌ဆေးဝါးများနှင့် စက်ပစ္စည်းကိရိယာများ ၊အရေးကြီးလူနာများအား ရေလွမ်းမိုး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဘေးလွတ်ရာ နေရာများသို့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့၀င်များက ကူညီရွေ့ပြောင်း ပေးခဲ့ကြရာ တာ၀န်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)