မင်းပြားမြို့နယ်ရှိ ပြည်သူများမုန်တိုင်းခိုလုံရာနေရာများသို့ သွားရောက်ကြည့်ရှုအားပေး စကားပြောကြား

မင်းပြား  မေ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်းခိုလုံရာနေရာသို့ မေ၁၁ရက်နေ့ ညနေပိုင်းက စတင်ကာ ​ရွှေ့ပြောင်းလာခဲ့ကြရာယနေ့ထိ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

ထိုသို့ ​ရွှေ့ပြောင်းဆောင်ရွက်ရာနေရာများသို့ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဦးမျိုးစိုးမိုး ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ သက်ကြီး ရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများအား မုန်တိုင်းဘေးလွတ်ရာ နီးစပ်သည့်ကျေးရွာများရှိ ဘုန်းတော်ကြီးများ၊ အသက်ကယ်ကုန်း၊ မြို့ပေါ်ရှိ သတ်မှတ်နေရာ ဘုန်းတော်ကြီးကျောင်းများရှိ စုရပ်များရှိ မုန်တိုင်းရှောင်ပြည်သူများထံသို့ ကြိုတင်ရွေ့ပြောင်း ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်လျက်ရှိနေမှု၊ နေထိုင်စားသောက်ရေးအဆင်ပြေစေရေးအတွက် လူမှုအဖွဲ့အစည်းများ ကူညီပေးနေမှု အခြေအနေ များနှင့် ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ ထောက်ပံ့သည့်ဆန်၊ ဆီ၊ ဆားနှင့်ခေါက်ဆွဲခြောက် စသည့် ပစ္စည်းများကိုလည်း ကူညီထောက်ပံ့ပေးမည်​ဖြစ်ကြောင်း သွားရောက် အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

သောင်းရွှေ