ရသေ့တောင်မြို့၌ မြို့နယ်မစဖအဖွဲ့ဝင်များမှ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအားရွှေ့ပြောင်းနိုင်ရေးကွင်းဆင်းဆောင်ရွက်

ရသေ့တောင်    မေ   ၁၄

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့်မုန်တိုင်းသည် အားကောင်း လာကာဆိုင်က လုန်းမုန်တိုင်းမိုခါ(MOCHA) အားကောင်းလာသည့် အတွက်ကြောင့်ရ သေ့တောင်မြို့နယ် အတွင်းမုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောယာယီနေရပ် စွန့်ခွာသူများ စခန်းနေရာများ (IDP စခန်း)မှမိဘပြည်သူများနှင့် ပစ္စည်းများအားရွှေ့ပြောင်းနိုင်ရေးအတွက် မြို့နယ်မစဖအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် ယနေ့နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ရှေးဦးစွာ မြို့နယ်မစဖအဖွဲ့ဝင်လူကြီးများက ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ရှိ(IDP စခန်း)များစခန်းတွင်နေထိုင်ကြသည့် ပြည်သူများနှင့်တွေ့ဆုံပြီး မုန်တိုင်းဖြစ်ပေါ်နေသည့် အခြေအနေ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေ၊ သက်ကြီးရွယ် အိုများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအားရွှေ့ပြောင်းရမည့် အခြေအနေများ ကိုဆွေးနွေးပြောကြားခဲ့ပြီးမုန်တိုင်းအန္တရာယ်ကျရောက် လာပါကပျက်စီးဆုံးရှုံးနိုင်သော ပစ္စည်းများ၊ စားသောက်ကုန်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားနိုင်ရေး ၊မြို့နယ်ရဲတပ်ဖွဲ့ ဝင်များနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ရသေ့တောင် (ပြန်/ဆက်)