မုန်တိုင်းဘေးရှောင်ပြည်သူများအား ဆန်နှင့်ဆီများထောက်ပံ့ပေးအပ်

သံတွဲ     မေ    ၁၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မုန်တိုင်းရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ များကို ယမန်မန်နေ့ မွန်းလွဲ ၁၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာ စိန်နှင့်တာဝန်ရှိသူများသည် ခမောင်းတုန်းကျေးရွာအုပ်စုနှင့် ဆင်ခေါင်းကျေးရွာ အုပ်စုများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ခမောင်းတုန်းကျေးရွာအုပ်စု အလယ်တော်ကျေးရွာ မူလတန်း ကျောင်းရှိ မုန်တိုင်းရှောင်ပြည်သူ အိမ်ထောင်စု(၂၄)စု၊လူဦးရေ( ၄၅)ဦးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့ပေးသည့် ဆန် ၂ အိတ်၊ဆီ ၂ ပိသာတို့ကိုလွဲပြောင်းပေးအပ်ရာ ကျေးရွာတာဝန်ခံ ဦးဆန်းဝင်း က လက်ခံရရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများသည် ဆင်ခေါင်းကျေးရွာအုပ်စု ကျောက်ဖြူမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ  မုန်တိုင်းရှောင်ပြည်သူ အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၆၉)ဦးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးသည့် ဆန် ၃အိတ်၊ဆီ ၅ ပိသာတို့ကိုလည်းကောင်း၊ ညောင်ခြေထောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ မုန်တိုင်းရှောင်ပြည်သူ အိမ်ထောင်စု(၄၀)စု၊လူဦးရေ( ၁၀၀)ဦးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှထောက်ပံ့ ပေးသည့် ဆန် ၄ အိတ်၊ဆီ ၅ပိသာနှင့် ဆင်ခေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းရှိ မုန်တိုင်းရှောင်ပြည်သူ အိမ်ထောင်စု  (၅၉၁)စု၊လူဦးရေ      ( ၁၉၃၁)ဦးအတွက် ရခိုင် ပြည်နယ်အစိုးရ အဖွဲ့မှထောက်ပံ့ပေးသည့် ဆန် ၇၈ အိတ်၊ဆီ ၆၅ပိသာ တို့ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများလွဲပြောင်းပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာဝန်ခံများက  လက်ခံရယူခဲ့ကြကြောင်းသိရှိရသည်။

ထိုသို့ထောကိပံ့ပေးအပ်ရာတွင် မေ ၁၂ ရက်နေ့အထိ အိမ်ထောင်စုပေါင်း (၇၂၅)စု ၊ လူဦးရေ (၂၂၈၆)ဦး တို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲမှ ပေးအပ်လှူဒါန်းသည့် ဆန်( ၉၃)အိတ်၊ ဆီ (၈၆ ပိသာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိ ရသည်။

ခရိုင်ပြန်/ဆက်