တောင်ပြိုလက်ဝဲမြို့၌  မုန်တိုင်းဘေး ကျရောက်နိုင်သည့် ရပ်ကွက်နေပြည်သူများအား မုန်တိုင်းခိုလုံရာ နေရာများသို့ စတင်ပြောင်းရွှေ့

တောင်ပြိုလက်ဝဲ  မေ ၁၄ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ရပ်ကွက်နေပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာသို့ ယနေ့ နေ့လည်ပိုင်းကစတင် ရွှေ့ပြောင်းပေး ခဲ့ကြောင်းသိရသည်။

ထိုသို့ ရွှေ့ပြောင်းဆောင်ရွက်ရာတွင် မြို့သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ  ဦးကျော်သန်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့်မြို့စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ မုန်တိုင်း ဘေးအန္တရာယ် ကျရောက်နိုင်သည့် ရပ်ကွက်များမှသက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများအားမုန်တိုင်း ဘေးလွတ်ရာဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ မြို့ပေါ်သတ်မှတ် နေရာစုရပ်များသို့ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဥ်ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်(၂)မှ အိမ်ထောင်စု ( ၃၀) စု လူဦးရေ (၁၃၂)ဦးတို့အား မုန်တိုင်းအန္တရာယ် ဘေးလွတ်ရာနေရာများသို့ စတင်ရွှေ့ပြောင်း လျက်ရှိကြောင်းသိရသည်။

သိန်းနိုင်(ပြန်/ ဆက်)