မြောက်ဦး မေ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ခိုလုံရာနေရာသို့ ယနေ့နံနက် ၈ နာရီက အောင်တပ်ရပ်ကွက် အောင်တပ်ချောင်းမှ စက်လှေများဖြင့် ရောက်ရှိလာသူများအား မြောက်ဦးမြို့ပေါ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိသည်။
မုန်တိုင်းဘေးအန္တရာယ် ခိုလုံရာသို့ ရောက်ရှိလာသည့်ပြည်သူများအား နယ်မြေခံတပ်မမှူး ဦးဆောင်၍ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း ကျောင်းသို့ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကလေး သူငယ် များကို ကားပေါ်ရောက်ရှိအောင် လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။
မြောက်ဦးမြို့နယ်အတွင်းမှ မုန်တိုင်းဘေးခိုလုံရာသို့ ရောက်ရှိလာသည့်ကျေးရွာများမှာ စက်သား ရွာ၊ ကွင်းမြောင်ရွာ၊ လေးဆူပြားရွာ၊ ဘုရားများရွာစသော ကျေးရွာ(၅၀) ကျော်မှ အိမ်ထောင်စု (၆၂၀၀) စု၊ လူဦးရေ (၃၄၅၀၀) ဦးအားဘေးလွတ်သည့် ခိုလှုံရွှေ့ပြောင်းရာနေရာများသို့ ယနေ့ နံနက်ပိုင်းအချိန်က ပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ဆန်၊ဆီ ၊ ဆား၊ ငပိများကို စုဆောင်း ထားရှိပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန မှလည်း အိမ်ထောင်စု (၆၂၀၀) စုအတွက် ပစ္စည်း(၁၆) မျိုးအသင့်စုဆောင်းထားရှိပြီးလူမှုရေး အသင်းအဖွဲ့များလည်း ကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
ထို့နောက် စစ်တွေမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ပုဏ္ဏားကျွန်း စသောမြို့နယ်များမှလည်း မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွှေ့လာကြပြီး မိသားစု၊ ဆွေမျိုးများနေအိမ်တွင်လည်းကောင်း တည်းခို ခန်း၊ ဟိုတယ်များနှင့် ဘုန်းတော်ကြီးကျောင်းများဖြစ်သော အလိုတော်ပြည့်ကျောင်း၊ အောင်မင်္ဂ လာကျောင်း၊သျှစ်သောင်းဘုန်းတော်ကြီးကျောင်း စသော ဘုန်းတော်ကြီးကျောင်း (၄၀) ကျော်တွင် တည်ခိုနေထိုင်လျှက်ရှိပြီး ရောက်ရှိလာသော ရွေ့ပြောင်းပြည်သူများအတွက် စားနပ်ရိက္ခာနှင့် တည်း ခိုနေထိုင်ရေးတို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီ မံခန့် ခွဲမှုအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းတို့မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)