ရခိုင်ပြည်နယ်

တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီစခန်းများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့်ပစ္စည်းများအား ရွှေ့ပြောင်းနေမှုအား သွားရောက်ကြည့်ရှု လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် အလွန့်အလွန်အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)အဖြစ် ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် စစ်တွေ မြို့နယ် အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သောနေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဂွမြို့နယ်၊ မြို့မရပ်ကွက်ရှိ မုန်တိုင်းခိုလုံရာ ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နေ့လယ်(၁၁)နာရီအချိန်က ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့မရပ်ကွက်၊ အလယ်ရွာရှိ၊ မြို့ဦးတောင်ပေါ်ကျောင်းတိုက်၌ မုန်တိုင်းခိုလှုံရာ ပြည်သူများအတွက် စားနပ်ရိက္ခာများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများအတွက် အားပေး စကားများ ပြောကြားခဲ့သည်။

မြောက်ဦးမြို့၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်ရပ် ရပ်ကွက် မြိုမဈေး၌ လမ်းဘေးဝဲယာရှိ ဈေးရောင်း၊ဈေးဝယ် ပြည်သူများ၊ ခရီးသွားပြည်သူများကို မုန်တိုင်းဘေး အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ပေါက်တောမြို့ မြို့မဈေးကြီး၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊​ ပေါက်တောမြို့ မြို့မဈေးကြီးတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုသက်သာစေရေး ရည်ရွယ်၍ ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်း​ခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေး လုပ်ငန်းများအားဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဥ်ဆောင်ရွက်လျက်ရှိရာ ရသေ့တောင်မြို့နယ်တွင် မြေနိမ့်ပိုင်းတွင် ကျရောက်သော ကျေးရွာအုပ်စု(၂၈)အုပ်စုနှင့် ကျေးရွာပေါင်း(၅၈)ရွာ၊ အိမ်ထောင်စု(၁၀၁၀၆)စုမှ လူဦးရေ (၄၈၉၂၅)ဦးကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကျေးရွာများရှိ စာသင်ကျောင်းဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိသည်

ဘူးသီးတောင်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အစိုးရစက်မှုအထက်တန်းကျောင်း၌ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမနေ့ညနေပိုင်းက သဘာဝဘေးကြိုတင်ကာကွယ်မှုဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ မြေနိမ့်ပိုင်းနှင့်မြစ်ချောင်းနံဘေးရှိပြည်သူများအား ရေဘေးလွှတ်ရာနေရာသို့ ပြောင်းရွှေ့ကြရန် အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းသို့ မေ ၁၃ ရက်နေ့ နှင့် မေလ ၁၄ ရက်နေ့တို့တွင် မုန်တိုင်းဝင်ရောက်လာနိုင်သည့်အတွက် ယနေ့ နံနက် ၉ နာရီအ ချိန်ကအောင် တပ်ချောင်းအတွင်းရှိ အလယ်ဈေးတံတားမှ မင်းသမီးဟိုတယ်အထိ မြေနိန့်ပိုင်း နှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သော မိဘပြည်သူများအား ကြိုတင်ရွေ့ပြောင်းနိုင်ရန်အတွက်  သတိပေးနှိုး ဆော်ခဲ့ကြသည်။

ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ရပ်ကွက်များမှပြည်သူများနှင့် ကျောက်တစ်လုံး IDPs စခန်းမှ ခိုလှုံနေသူများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ရပ်ကွက်များပြည်သူများနှင့် ကျောက်တစ်လုံး IDPs စခန်းမှ ခိုလှုံနေသူများအား  ဘေးလွတ်သည့်  ခိုလှုံရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက  တာဝန်ရှိသူ များက စီမံဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၏ကြီးကြပ်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။ လက်ရှိအချိန်တွင် မုန်တိုင်းအခြေအနေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်မည်ဖြစ်သဖြင့် အနီအဆင့်ဟု သတ်မှတ်ထားပြီး မြို့‌သူ၊မြို့သားများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွေ့နိုင်ရေး အသိပညာပေး နှိုးဆော်မှုများကိုလည်း ဆောင်ရွက် လျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်