ရခိုင်ပြည်နယ်

ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက် သင်ကြားလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နေမှုနှင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းသား/သူများပညာသင်ကြားနေမှုအား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ဒပြုချောင်းကျေးရွာအုပ်စု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့)ဆေးကုသပေးနေမှုများကို လှည့်လည်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ခံခဲ့ရသော ကျေးရွာအုပ်စု (၅)အုပ်စုမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းဆန်၊ဆီ၊ဆား၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ခဲ့ပြီး လေဘေးသင့်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့သည်။

မင်းပြားမြို့နယ်၌  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့်ပညာသင်ကြား

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနရှိကျောင်းများကို  ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။

အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ စတင်ဖွင့်လှစ်ရာ အထက်တန်းအဆင့်/ အလယ်တန်း အဆင့်/မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ အခြေခံ ပညာသင်ကြား ရန်အတွက် ကျောင်းသို့ ပျော်ရွှင်စွာ လာရောက်လျက်ရှိသည်။

တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊  ကျောင်းသား/သူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု၍ အားပေးစကားပြောကြား

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများနှင့် ကောလိပ်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းများစတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ယူနေမှုတို့အားကြည့်ရှု၍ ကျောင်းသား၊ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ အား‌ပေးစကားများ ပြောကြားသည်။

တောင်ကုတ်မြို့နယ်၌ နိကာယ်စာမေးပွဲကျင်းပလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကနှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၃ ခုနှစ်၊ နိကာယ်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစ၍ ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံတွင်ကျမ်းစာများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပေါက်တောမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာ အတန်းအလိုက် ဆရာဆရာမများက သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်