တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တောင်ကုတ်  ဇွန် ၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများဖွင့်လှစ်နေမှုအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးများမှ ပညာရေးမှူးနှင့်တာဝန်ရှိသူများက အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄) အခြေခံ ပညာ အထက်တန်း‌ကျောင်းများနှင့် အခြေခံပညာမူလတန်းကျောင်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အ.ထ.က(ခွဲ) (၁၅)ကျောင်း၊ အ.လ.က(၁၂)ကျောင်း၊ အ.လ.က(ခွဲ)(၁၇)ကျောင်း၊ အခြေခံပညာမူလတန်း(မူလွန်)ကျောင်း (၃၅) ကျောင်း၊ အ.မ.က(၉၉)ကျောင်း၊ အ.မ.က(ခွဲ) (၂၆)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်း(၄)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်